Local News

ဆန်၊ ဆန်ကွဲ၊ ဖွဲနုဈေးများ ဆက်လက်ကျဆင်းလျက်ရှိ

Last Updated:

ပဲခူးကုန်စည်ဒိုင်တွင် ဆန်မျိုးစုံအရောင်းအဝယ်ဖြစ်လျက်ရှိရာ (၁.၃.၂၀၂၄) ရက်နေ့တွင် ဧည့်မထဆန်(မနောသုခ) တစ်အိတ်လျှင် (၈၀၀၀ဝိ/-)ကျပ်၊ ပေါ်ဆန်းမွှေးဆန်(ဟောင်း) တစ်အိတ် လျှင် (၁၂၀၀၀ဝိ/-)ကျပ်၊ ပေါ်ဆန်းမွှေးဆန်(သစ်) တစ်အိတ်လျှင် (၁၀၀၀၀ဝိ/-)ကျပ်၊ ဆန်ကွဲ (1,2) တစ်အိတ်လျှင် (၅၃၀၀ဝိ/-)ကျပ်၊ ဆန်ကွဲ (2,3,4) တစ်အိတ်လျှင် (၅၁၀၀ဝိ/-)ကျပ်နှင့် ဖွဲနု တစ်အိတ်လျှင် (၁၅၆၀ဝိ/-)ကျပ် တို့ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ (၈.၃.၂၀၂၄) ရက်နေ့တွင် ဧည့်မထဆန်(မနောသုခ) တစ်အိတ်လျှင် (၇၈၀၀ဝိ/-)ကျပ်၊ ပေါ်ဆန်းမွှေးဆန်(ဟောင်း) တစ်အိတ်လျှင် (၁၂၀၀၀ဝိ/-)ကျပ်၊ ပေါ်ဆန်းမွှေးဆန်(သစ်) တစ်အိတ်လျှင် (၁၀၀၀၀ဝိ/-)ကျပ်၊ ဆန်ကွဲ(1,2) တစ်အိတ်လျှင် (၅၀၀၀ဝိ/-)ကျပ်၊ ဆန်ကွဲ(2,3,4) တစ်အိတ်လျှင် (၄၈၀၀ဝိ/-)ကျပ်နှင့် ဖွဲနု တစ်အိတ် လျှင် (၁၅၃၀ဝိ/-)ကျပ် တို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။

ယခုတစ်ပတ်ကာလတူနှိုင်းယှဉ်ချက်အရ ဧည့်မထဆန်(မနောသုခ) တစ်အိတ်လျှင် (၂၀၀ဝိ/-) ကျပ်၊ ဆန်ကွဲ (1,2) တစ်အိတ်လျှင် (၃၀၀ဝိ/-)ကျပ်၊ ဆန်ကွဲ (2,3,4) တစ်အိတ်လျှင် (၃၀၀ဝိ/-) ကျပ်နှင့် ဖွဲနု တစ်အိတ်လျှင် (၃၀ဝိ/-) ကျပ်တို့ဖြင့် ဈေးကျဆင်းခဲ့ပါသည်။ ပေါ်ဆန်းမွှေးဆန်အနေဖြင့် ဈေးတည်ငြိမ်မှုရှိသော်လည်း ဧည့်မထဆန်နှင့် ဆန်ကွဲ၊ ဖွဲနုဈေးများ ဆက်လက်ကျဆင်းလျက်ရှိပါသည်။ ဆန်၊ ဆန်ကွဲ၊ ဖွဲနု ဈေးကျဆင်းသွားခြင်းမှာ ဝယ်လိုအားနည်းခြင်း၊ ပစ္စည်းများအဝင်များလာခြင်း တို့ကြောင့် ဖြစ်ပါကြောင်း ပဲခူးကုန်စည်ဒိုင်ဥက္ကဋ္ဌထံမှ သိရှိရပါသည်။

ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News